Heal The Would (သူငယ်ချင်းများအတွက် သီချင်းမျှဝေခြင်း)


There’s a place in your heart and I know that it is love, and this place is much bigger than tomorrow.
And if you really try, you’ll find there is no need to cry, in this place, you’ll find there’s no hurt or sorrow. There are ways get there, if you care enough for the living, make a little space, make a little space, heal the world.
Make it a better place for you and for me and the entire human race.
There are people dying, if you care enough for the living, make a better place for you and for me.
If you want to know why, there’s a love that cannot lie, love is strong, and only cares for joyful giving, if we try we shall see.
In this bliss we cannot feel, fear or dread we stop existing and start living. And it feels that always, Love enough for us growing, so make a better world, make a better world, heal the world.
Make it a better place, for you and for me and the entire human face. There are people dying, if you care enough for the living, make a better place for you and for me.
And the dream, we were conceived in, will reveal a joyful face. And the world we once believed in will shine again in grace.
Then why do we keep strangling life, would earth crucify it’s soul. Though it’s plain to see this world is heavenly be God’ glow.
We could fly so high, let our spirit never die, in my heart I feel you are all my brothers. Create a would with no fear, together we’ll cry happy tears, see the nation turn their swords into plowshares.
We could really get there. If you cared enough for the living, make little space, to make a better place Heal the world.
Make it a better place for you and for me and the entire human race. There are people dying. If you care enough for the living, make a better place for you and for me.
Heal the world, make it a better place for you and for me and the entire human race. There are people dying, if you care enough for the living, make a better place for you and for me.
Heal the world, make it a better place for you and for me and the entire human race. There are people dying, if you care enough for the living, make a better place for you and for me. There are people dying, if you care enough for the living, make a better place for you and for me. There are people dying, if you care enough for the living, make a better place for you and for me.
You and for me.
You and for me.
You and for me.
You and for me.
You and for me.
You and for me.
You and for me……….

ချစ်နေမယ်

စိုင်းလင်းတိုင်း | 7:41 AM | 2 အားပေးစကား
မေ့မရနိုင်တော့မယ့်အတူတူ
သူခြေပဲခွေခွေ မျက်လုံးစောင်းစောင်း
ဘယ်လောက်ပဲဟောင်းပါလေ့စေ
သူ့ဆံနွယ်လေးတွေ ရှည်ရှည်တိုတို
သူ့ရဲ့အသက်အရွယ် အိုအိုနုနု
သူ့မအပေါ် ဘယ်လောက်ပဲစိတ်ခုနေပါစေ
သူ့ကို့     ချစ်ခဲ့မိပြီမို့
အလှပကာသနတွေကို ဘေးဖယ်ကာ
ဆက်ချစ်နေမယ့့် 

Cry On My Shoulder

နောက်ထပ် ကျနော်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်။


If the hero never comes to you, if you need someone you’re feeling blue, if you wait for love and you a lone, if you call your friends nobody’s home, you can run always, but you can’t hide, through the storm and through the lonely night, then I’ll show you, there’s a destiny the best things in life, they're all free.

*But if you wanna cry, cry on my shoulder, if you need someone who cares for you. If your feeling sad, your heart get colder. Yes, I’ll show you what real love can do.

If your sky is grey, Oh let me know, there’s a place in heaven where we’ll go, if heaven is a million years away, Oh just call me and I’ll make your day, when the nights are getting cold and blue, when the days are getting hard for you. I’ll always stay here by your side, I promise you. I’ll never hide.

*But if you wanna cry, cry on my shoulder, if you need someone who cares for you, if your feeling sad, your heart get colder. Yes, I’ll show you what real love can do.

*But if you wanna cry, cry on my shoulder, if you need someone who cares for you, if your feeling sad, your heart get colder. Yes, I’ll show you what real love can do.

What real love cans do? 2
What love cans do? 2
Love can do.

Out of the blue

စိုင်းလင်းတိုင်း | 6:06 AM | 2 အားပေးစကား


ဒီသီချင်းက ကျနော်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်မို့ ထည့်ထားလိုက်ပါတယ်...

မန္တလေးမြို့သို့ တစ်ခေါက်

ကျနော်သည် မန္တလေးမြို့ကြီးကို သုံးနှစ်လောက် ဝေးနေရပြီးမှ တစ်နေ့ ကျွန်ုပ်သည် မန္တလေးမြို့သို့ အလည်တစ်ခေါက် ပြန်ရောက်ခဲ့လေသည်။ တည်းခိုစရာကတော့ များများစားစား မရှိပါဘူး၊ ၃၆လမ်းက ခင်မင်ရင်းနှီးသည့် ကျောက်မဲက အစ်မတစ်ယောက်၏အိမ် တစ်အိမ်တည်းရှိသည်။ တည်းခိုခန်းဆိုတာ မျှော်တောင်မျှော်မကြည့်ရဲ၊ မွှဲချက်ကတော့ ကမ်းကုန်သည်။ အစ်မကတော့ မန္တလေးမြို့မှာ အိမ်ထောင်ကျတာ ဆယ်နှစ်လောက် ရှိခဲ့ပြီ။

ဆက်လက်ဖတ်ရှုရန်


သိကြတဲ့အတိုင်းပဲ ကျွန်ုပ်သည် တောသားပီပီ ရွာမှာနေသကဲ့သို့ နေရိုးနေစဉ်အတိုင်း နေတတ်တာကြောင့် အိမ်ထဲမှာလည်း ခေါင်းပေါင်းကြီးနှင့် နေနေတတ်သည်။ တောသားတိုင်းတော့ မဟုတ်ပါ၊ တစ်ချို့ဆိုလျှင် တောကလာပေမယ့် အထင်သွားမသေးလိုက်လေနဲ့ စတိုင်က မြို့သားနှင့် ရင်ပေါင်တန်းနေအောင် နေတတ်ထိုင်တတ်သည်၊ ဤနေရာ၌ ကျနော်၏ စတိုင် ကျနော်၏ ပြုမှုနေထိုင်တတ်သည်ကိုသာ ရည်ရွယ်ပါသည်ဟု ကြိုတင်ပြောပါရစေ၊ တော်ကြာ တစ်ချို့က အဲ့ဒီလောက် သိက္ခာချရတာလားဆိုပြီး ၀ိုင်းလာကာမှဖြင့် ခက်ပေရော့မည်၊ ပြေးစရာမြေမရှိဘူး။

ဒီလိုနှင့် သုံးရက်လောက်ကြာလာတော့ ကျွန်ုပ်အစ်မက မပြောမနေနိုင်တော့ပဲ “ဟေ့  အိုက်နောင့် (အိုက်နောင့် ဆိုတာ ဗမာလို မောင်လေးပေါ့) နင်ကတော့နော် အိမ်ထဲ နေမပူ မိုးမရွာ ဆောင်းတွင်းလည်း မဟုတ်ဘဲနဲ့၊ နင့်ခေါင်းပေါင်းကြီး ချွတ်ထားစမ်းပါ၊ မျက်စိကို အတော်အမြင်ကပ်လာပြီနော်၊ မြို့ရောက်ရင် မြို့သားလိုနေပေါ့ဟေ့၊ ဒီရုပ်ကြီးနဲ့ ငါ့မိတ်ဆွေတွေ လာလည်လို့ တွေ့သွားရင့့်  ” ဟုပြောလိုက်သည်။ သူမစိတ်ဆိုး၍ ပြောနေသည် မဟုတ်မှန်းတော့ သိသာသည်၊ အားမလို အားမရတဲ့ ပုံစံနဲ့ပြောတာပါ၊ ဒါကို ကျွန်ုပ်နားလည်သည်။ ဘယ်သူမဆို ကိုယ့်နဲ့မောင်နှမလို ရင်းနှီးသည့်သူမှန်သမျှ ကိုယ်နှင့် ပတ်သက်သည့်သူကို စုပ်ပြတ်ပြတ်နှင့် မမြင်ချင် မတွေ့ချင် မဖြစ်စေချင်ပါ။ စမတ်ကျကျနဲ့ဘဲ မြင်ချင်တွေ့ချင် ဖြစ်စေချင်ကြသည်။ အခုတော့ ကျွန်ုပ်သည် စုပ်ပြတ်တသတ်နှင့်မို့ သူမပြောတာ လွန်မယ်မထင်။

ပြီးတော့ သူမသည် ကျွန်ုပ်၏ ခေါင်းပေါင်းကို အတင်းဇွတ်ဆွဲ ချွတ်ချလိုက်ပြီး၊ “သွားသွား ခုချက်ချင်း ရေသွားချိုးလိုက်၊ ပြီးရင် ဒီကိုပြန်လာခဲ့ ကြားလား ငါပြောတာ”ဟု သူမပြောသည်။ ကျွန်ုပ်က ဟုတ်ဟုတ် ဆိုပြီး ရေချိုးခန်းသို့ တန်းပြေးသွားသည်။ အစ်မက မကြားတကြားနှင့် လှမ်းပြောသည် ဟေ့ ဟေ့ ကောင်းကောင်းသွား မကြီးမငယ်နဲ့ ချော်လဲနေအုန်းမယ်၊ အိမ်က မွေးစားခွေး ငနီလေးလိုပဲ အပြေးကိုသန်လွန်းတယ်။ အောင်မလေး… နေရင်းထိုင်ရင်း လူစင်စစ်ကနေ အစ်မ၏ မွေးစားခွေးလေး ချက်ချင်းဖြစ်သွားခဲ့သည်။ အင်း…လေ… မွေးစားခွေးပဲဖြစ်ဖြစ် မွေစားသည့်ခွေးပဲဖြစ်ဖြစ် အစ်မဆီမှာ နေရတာစိတ်ချမ်းသာသည်။ အစ်မ အရင်းမဟုတ်ပေမယ့် အစ်မအရင်းထက် သူကပိုလို့တောင် ကျွန်ုပ်ကို ချစ်သေးသည်၊ ကျနော့်ကို ကလေးလေး တစ်ယောက်ကဲ့သို့ သဘောထားသည်။ အိမ်က အစ်မအရင်းကတော့ အမြင်မတော်လျှင် နှားအုံဖြတ်ရိုက်တတ်သည်။

ကျနော်သည် ရေချိုးပြီး အစ်မဆီ ပြန်လာခဲ့သည်။ ပြီးတော့ သူမက ဂျင်းဘောင်းဘီတစ်ထည် စွပ်အင်းဂျီနှစ်ထည် ယူလာပြီး ၀တ်ခိုင်းသည်။ အဲ့ဒီ အချိန်မှာ ကျနော့်တူလေး နှစ်ယောက် ကျနော့်ကြည့်ပြီး ပြုံးနေသည်၊ အစ်မ၏ ရင်သွေးလေးတွေပေါ့။ အစ်မကြီး၏ ယောကျားကတော့ အေးသည်၊ ဘာမှမပြော ကျနော့်ကိုကြည့်ရင်း တဟင်းဟင်းနှင့် ရယ်နေသည်။ ကျနော်သည် အ၀တ်အစားဝတ်ပြီး အစ်ကို့ကို “ကိုကြီး ဘယ်နှယ့်လဲ ကျနော်ရဲ့ တောသားစတိုင် ပေါက်သေးလား ဟုလှမ်းမေးသည်” မမျှော်လင့်ပါဘူးဗျာ ဒီလောက်အေးသည့် လူတစ်ယောက်က ဟက်ဟက်ပက်ပက်ကို ရယ်ပြီး ပြောချလိုက်တာ “ညီလေးရာ နင့်ပုံက ဘယ်လိုပဲ ပြောင်းပြောင်း သူတောင်းစားလေးရုပ်က မပျောက်ဘူး” ရှင်မရေ ကြည့်ပြင်ပေး လိုက်ပါအုန်း နင့်မောင်ကို၊ ငါ့အမြင်ထဲမှာတော့ ဟို…. မြောင်းကြားထဲ ကန်ချခံရပြီး ပြန်တက်လာတဲ့ ဟာနဲ့တူနေတယ် ဟူ၍….။


လေးစားစွာဖြင့်
စိုင်းလင်းတိုင်း

ယဉ်ကျေးတဲ့သူလေး


ဆံပင်ရှည်လေးနဲ့ ယဉ်ကျေးတဲ့သူရေ
လေဆန်မှာ လူးလွန့်ကာပျံတက်သွားမယ့်
သူ့ရဲ့ဆံနွယ်လေးတွေကြောင့်
လှပါတယ်လို့ ရောင့်ရဲတင်းတိမ်နေတဲ့
ပန်းကလေးတွေ အရှုံးပေးခဲ့ရတယ် ...

ကြည်လင်သန့်ရှင်းတဲ့ သူ့ရဲ့မျက်နှာလေး
လင်းစက်ရောင်ခြည် ပေးစွမ်းနိုင်လွန်းတယ်
မှောင်အတိရေ ကမ္ဘာတစ်ဖက်ခြမ်း
သူတစ်ချက် လမ်းကြည့်လိုက်ရုံနဲ့
အမှောင်ရိပ်တွေ ကွယ်ပျောက်သွားခဲ့တယ် ...

ဒီလိုအမြဲ သူလေးလှမ်းကြည့်နိုင်ပါ့လား
ဟိုမှာလူတွေများ အယောင်ယောင်အမှားမှား
စကားဖောင်ဖွဲ့ အတွေးတွေနယ်ချဲ့ကာ
သူရောက်လာမယ့်လမ်း မျှော်မှန်းတမ်းတ
ဒီဒုက္ခမှောင်ရိပ်မှ လွတ်မြောက်နိုင်ရေး
သူ့ရဲ့ရောင်စင်မေတ္တာ မျှကာဖြန်းပေးမှ
ဖြစ်နိုင်မှာ ...
သူဟာ ယဉ်ကျေးတဲ့သူလေး ...

Our Last Summer

စိုင်းလင်းတိုင်း | 5:17 AM | 1 အားပေးစကား


I can still recall, our last summer, I still see it all. Walks along the seine, laughing in the rain, our last summer, memories that remain.
We made our way along the river and we sat down in the grass, by the Eiffel tower. I would so happy we have met, it was the age of no regret.
Oh! Yes.
Those crazy years, that was the time, of the flower power. But underneath, we had a fear of flying, of growing old, a fear of slowly dying. We took a chance, like we were dancing our last dance.
I can still recall our last summer, I still see it all. In the tourist jam, round the Notre Dame, our last summer, walking hand in hand.
Paris restaurants, our last summer, morning croissants, living for the day, worries far away, our last summer, we could laugh and play.
And now you’re working in a bank, a family man, a football fan, and your name is Harry. How dull it seems, are you the hero of my dreams?
I can still recall our last summer, I still see it all. In the tourist jam, round the Notre Dame, our last summer, walking hand in hand.
I can still recall, our last summer, I still see it all. Walks along the seine, laughing in the rain our last summer, memories that remain.

ညံ့ဖျင်းသောလူတစ်ယောက်



တစ်ဝက်တစ်ပျက်နဲ့ မပြီးဆုံးသေးတဲ့
ကိုယ့်ရဲ့ခံစားချက် ကဗျာအဖြစ်ဆက်ပြီး
ရေးမနေချင်တော့ပါဘူ့း့ 
အားပေးသူမရှိတော့တဲ့
ရှေ့ဆက်ရေးမယ့်ပန်းချီကားတစ်ချပ်
ဒီလက်က အားမာန်မပါတော့ပါဘူ့း့ 
ရှေ့ဆက်ကမယ့်ဒီဇာတ်လမ်း
လူကြမ်းဖြစ်ဖြစ်မင်းသားလုပ်လုပ်
ဒီဇာတ်ထုတ်လေးထဲမှာ
ကိုဟာအရာမ၀င်တော့ပါဘူ့း့ 
ကဗျာရေးရေးသီချင်းပဲဆိုဆို
သူမရှိတော့အပိုသာဖြစ်ခဲ့
ဒီတစ်လှည့်ဒီတစ်ခါလည်း
ဇာတ်သိမ်းခန်းလေးကမလှမပ
အဆုံးသတ်ခဲ့ရပြန်တာ
ငါဟာညံ့ဖျင်းတဲ့လူတစ်ယောက့့် 

အရိပ်လေးလိုအမြဲနေချင်တယ်


ဘယ်သူမုန်းမုန်း မင်းရှိနေရင် ရှင်သန်နိုင်ပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့အချစ်ကို တန်ဖိုးထားနေဆဲ
ဘာပဲလုပ်လုပ် မင်းအတွက်မပါရင် မြက်ပင်တောင် မနှုတ်ခဲ့ဘူး
ဟိုဒီအကြောင်းတွေ ဘယ်လိုထူးထူး မင်းနဲ့မပတ်သက်ရင် မရူးခဲ့
ဘယ်လောက်ပဲလှတဲ့ ပန်းချီကားဖြစ်ပါစေ မေ့ပုံမဟုတ်ရင်မအံ့သြ
ချောပလှပဆိုတဲ့ သူတွေထဲမှာ မင်းမပါရင် ကိုစိတ်မ၀င်စား
မင်းအနားမှာ အရိပ်လေးလိုပဲ အမြဲနေချင်တယ်
စိုင်းချစ်တဲ့ အေးရေ…

အားပေးတတ်သူလေးတစ်ယောက်သို့

စိုင်းလင်းတိုင်း | 10:38 AM | 1 အားပေးစကား

ကျိတ်မနိုင် ခဲမရ
အဖြစ်က နောင်းခဲ့လည်း
ရင်ထဲမှာလေနာကျင်နေဆဲပဲ…
မနာလိုသူတစ်ချို့ရဲ့
ကဲ့ရဲ့ဖျက်ဆီးမှုတွေကြောင့်
သံသယစိတ်နဲ့မောင့်ကိုစိမ်းပြီလား…
ဘယ်လိုပဲပျော်အောင်နေနေ
မေစွန့်ခွါသွားတဲ့နေ့ကစ
မြင်မြင်သမျှရသကင်းမဲ့ခဲ့လေပြီ…
အဖြစ်ကဟောင်းခဲ့ပေမယ့်လည်း
မညိုးနွမ်းနိုင်သေးတဲ့ငါ့မေတ္တာ
ရင်ထဲမှာအလွမ်းတွေပြည့်နက်နေဆဲ…
အိပ်ပျော်နေတဲ့ဒီနှလုံးသား
မင်းကအနားတိုးတိုးကပ်ပြီး
ကိုယ့်အသည်းနှလုံးကို မင်း
ဘာကြောင့်လှုပ်ခါနိုးခဲ့ရသလဲ?
အမေးသာရှိ အဖြေမရှိတဲ့
ကိုယ့်ရဲ့မေးခွန်းစကားလေး
မင်းကလွဲ၍ဘယ်သူပေးနိုင်မှာလဲကွယ်…
သံသယစိတ်တွေဖြုတ်ထားကွယ်
အရင်ကလိုကိုအားငယ်ရင်
ကြင်နာမှုလေးအပြည့်နဲ့
အားပေးတတ်တဲ့သူရေ
စိုင်းလေ မေ့ကို ချစ်ခင်မြတ်နိုးနေဆဲ…

အမှာ။
ဟိုတုန်းက ရေးခဲ့သည့်ကဗျာလိုလို စာတိုလေးတစ်ပုဒ်ကို ပြန်လည်ခံစားတင်ပြသည်။

ဖေါ်ကွဲဥသြ


တွေ့ကြပေမယ့်
မသိဟန်ဆောင်
ပုန်းရှောင်ကာဝှက်
ချစ်ငှက်ကလေး
ငါ့ကိုတေးသွားဆိုတဲ့
အဖေါ်ကွဲဥသြ
ဖြစ်သွားစေခဲ့ပြီ
လေ...

ငှက်လေးတစ်ကောင်အတွက် ဆုတောင်း


ခွန်းဆင့်ပြီးမေးခဲ့တယ် မေရေ နေကောင်းလား
ခွန်းတုန့်စကား သူ ပြန်သနားမလှည့်တာ
ဒီကမ္ဘာမှာ ကိုယ့်ထက်ပူလောင်သူ
ရှိနိုင်တော့ဘူးကွယ်…
အလှမာန်မှာ ပြင်းထန်လေတဲ့ငှက်လေးရေ
မင်းအတွက်…
ဖျက်ဆီးမုန်တိုင်း လေရိုင်းတွေကြားမှ
မောပန်းနွမ်းလျ မြေမခရစေနဲ့ရယ်လို့
ဒို့ဆုတောင်းတယ်…

အသည်းအသက်နဲ့ထပ်တူ

စိုင်းလင်းတိုင်း | 7:46 AM | 1 အားပေးစကား

အဟုတ်တကယ်မြတ်နိုးမိပြီမို့
အပြစ်တင်ဖို့ ဘယ်တုန်းကမှ
မစဉ်းစားခဲ့ မေသိပါစေ…
ဖယ်ခွါရှောင်ပုန်း
မုန်းခဲ့လည်းလေ
မောင့်သည်းထဲမယ်
မေ့တစ်ယောက်ကိုသာ
ကြင်နာနှစ်သက်နေဆဲမို့ လွမ်းနေမယ်…
ထောင်သောင်းမက
မချောတွေများထဲ
မင်းကိုပဲစွဲမိတာ
မေဟာ မောင့်အသည်း
မေဟာ မောင့်ဘဝ
မေဟာ မောင့်အသက်နဲ့ထပ်တူပါ...

ပုန်းရှောင်ပြီလား


စာတော်မပါး စကားမရောက်
ချစ် မ လေးပျောက်
ဒီချိန်ရောက်ရင်
ခင့်ကိုတွေ့မြဲမို့ ဒီနေ့ဖို့
မတွေ့ရလို့ ရင်ပူမီးများ
တောက်လောင်ခဲ့လေပြီ...
မအားလေလား အလုပ်များရှုပ်
အဟုတ်မမြင်ရတဲ့ခန့်မှန်းချက်
ဒီရက်ထဲမှာသူဖျားနေမှာလား
ဒီလိုနှင့်များမဟုတ်ခဲ့ပါရင်
ကြင်နာသူ မ မောင့်ချစ်သည်း
မှန်းချက်လေးနှင့် နှမ်းအထွက်
ကွက်တိမဖြစ်ခဲ့လေတော့
ဖယ်ခွါရှောင်ပုန်းခဲ့ပြီပေါ့နော်ကွယ်...

ခါကျင်ကိုက်လို့

စိုင်းလင်းတိုင်း | 10:20 AM | 1 အားပေးစကား

ယုံရမှာလား ရင်ထဲမှာ စမ်းတစ်ဝါးဝါးနှင့်ပေါ့။ ကျနော်ရင်ထဲမှာ အိပ်ချင်သလိုလို၊ တစ်ခုခုကိုပဲ ဆာနေသလိုလို၊ ထမင်းစားရမလား ဟင်းသက်သက်ပဲစားရမလား တကယ့်ကိုပဲ စမ်းတ၀ါးဝါးနဲ့။ အဲ့ဒီလို ရင်ထဲမှာ ဟာတာ အင်ဒင်ဒင် ရေငတ်နေလဲမဟုတ် တကယ်ရေဆာတယ်လို့ ပြောရင်လဲ ရေဗူးက အနားမှာ အဆင်သင့်၊ ရေဗူးကို ဆက်ခနဲ ဆွဲယူလိုက်တာ အဖုန်းဖွင့်ပြီး သောက်မယ်ကြံတော့လည်း ကိုယ့်ကိုကိုယ် ရေဆာတာမဟုတ်မှန်းသိနေတော့ အဖုံးပြန်ပိတ်ပြီး ရေဗူးကိုပြန်ချထားသည်။

ဆက်လက်ဖတ်ရှုရန်


ဟိုမနေ့က ချစ်တော်ကြောင်ဖြူမလေး အဖြစ်ပြောရလျှင် အားလည်းအားနာမိပါရဲ့၊ မပြောလျှင်လည်း ကျနော်အဖြစ်နဲ့ကိုက ဆင်တူလွန်းနေသည်။ ကြောင်မလေးခများ လူ့စကား မပြောတတ်၍သာ လူစကားသာဂြောများ ဂြောတတ်လျှင် ကျနော့်ကို ရစရာမရှိအောင် အပြစ်ဆိုမှာသေချာသည်။
ဒီလိုခင်ဗျာ… ကျနော်က ပိုက်ဆာဆာနဲ့ ငပိကျော်လေး ချက်စားခဲ့သည်။ ငရုပ်သီးလေး စပ်စပ်လေးနဲ့ပေါ့ဗျာ။ ပိုက်ဆာလွန်းလို့ လက်ကတုန်ရင်နေသည်။ ထမင်းပန်းကန်က တစ်ဖက်၊ ငပိကြော်ခွက်က တစ်ဖက်နဲ့မို့ ရုပ်တရက် ဘယ်ဖက်ကကိုင်ထားသည့် ငပိပန်းကန် ကြမ်းပြင်ပေါ်လွှတ်ကျသွားခဲ့သည် အကုန်လုံးနီးပါးဆိုပါတော့ဗျာ။ ဒီနေ့အဖို့ ကျနော့်အတွက် ဒီဟင်းကလွဲ၍ အခြားဟင်းလျာမရှိတော့ပါ။
ဒါကြောင့် ကြမ်းပြင်ပေါ်မှာ ပျံ့ကြဲနေသည့် ငပိကြော်ကို ပေကျံ၍ ကပ်နေသည့် ဆီမှလွဲလို့ အကုန်နီးပါး ပြန်လည်ကာ ပန်းကန်ထဲထည့်သည်။ သူများမြင်ရင်တော့ ရှက်စရာကြီးပေါ့ခင်ဗျား၊ ဒါပေမယ့် သူများဆိုတာ ထိုင်ကြည့်နေသည့် ကြောင်ဖြူမလေးကလွဲ၍ မရှိပါဘူးလေ။
ဒီလိုနှင့် ကျနော်ထမင်းစားနေချိန် ကြောင်မလေးက တငြောင်ငြောင်နဲ့ ဟုပြေးဒီပြေးနဲ့။ ကျနော်က ကြောင်မလေး ပိုက်ဆာသည်ဟုပင်ထင်ခဲ့သည်။ ကျနော်က ထမင်းစားရာမှ ခဏရပ်ပြီး သေချာကြည့်လိုက်သည်။ အော်လက်စသတ်တော့ ကြောင်မလေးက ကျနော်က မဆင်မခြင်နဲ့ လွတ်ကျခဲ့သည့် ငပိဆီတည့်တည့်နေရာကို သွားထိုင်မိလို့ပါခင်ဗျား။
အဲ့ဒီတော့ ကျနော် တစ်ခု အတွေးပေါက်သွားသည်၊ ကျနော်သည် အပြင်ကိုချက်ချင်းပြေးထွက်သွားသည်။ ဘယ်ကိုမှမဟုတ်ပါဘူး ထမင်းဆိုင်ကိုပါ။ ထမင်းဆိုင်မှ ငါးကြော်နှစ်ကောင်ကို မရမက အကြွေးနဲ့ယူလာပြီး ငရုပ်သီးစပ်လို့ ဆောက်တည်ရာမရ ဖြစ်နေသည့် ကျနော့် ကြောင်မလေးကို ကျွေးလိုက်သည်။
အဲ့ဒီအခါကျမှ ကျနော့် ကြောင်မလေးက ငါးကြော်ကို အငန်းမရ စားရင်း ငြိမ်သွားလေတော့သည်။ ဆိုလိုတာက ကျနော့်အဖြစ်က အဲ့ဒီလိုပဲလို့ ပြောပြချင်တာပါ။ ဘာပြုလို့ မသိတတ်သည့် သနားစရာ ကြောင်မလေးကို နမူနာ အဖြစ်ပြောပြရတာလဲဆိုရင် ကျနော့် အနားမှာ ဘာရယ်ဘာမှ မရှိ၊ ကျနော်တို့ဘက်မှာ သိသည့်အတိုင်း စီးပွါးဥစ္စာဆိုတာ တစ်နေ့စာအတွက် ရှာထွက်အောင် ရှာပေမယ့် တစ်ဝမ်းတည်းတောင်မှ မလုံလောက်ဘူးလေဗျာ၊ အဲ့ဒီတော့ ကျနော့်အနားမှာ ပြစရာနမူနာ သက်ရှိသတ္တ၀ါ …အဲ့လေ…လူဟူ၍ ဘယ်ရှိမှာလဲဗျာ။ ဆင်းရဲလျှင် လမ်းဘေးက သူတောင်းစားတောင် ကိုယ့်ကို လှည့်မကြည့်ဘူးဆိုပဲ။
မနေ့ညက ကျနော် သိပ်စွဲလမ်းမိသည့် ဟိုဘက်ရပ်ကွက်က ပျိုပျိုကြီး(အပျိုကြီး)ကို ဈေးဆိုင်မှာ ခဏတွေ့လိုက်လို့ မျက်လုံးလှမ်းချိတ်လိုက်တာ သူက နှုတ်ခမ်းကြီးရွဲ့ပြသည်။ အောင်မာ.. ဒီကောင်ကတော့ ဟ… ဆိုပြီး ရင်ခုန်သွားသည်။ ဟုတ်ပြီ နောက်တစ်ခါဆိုရင် ရည်းစားစကားလေးတော့ ပြောခွင့်ရလောက်သည် ဆိုပြီး ရင်ထဲမှာ ကျိတ်ပြီး ပီတိဖြစ်နေလေပါရဲ့။ အောင်မလေး… အိမ်ပြန်တာကိုတောင် ကောင်းကောင်းလမ်းလျှောက်မပြန်ဘူး နှစ်နှစ်ကျောင်းသား ကလေးငယ်တစ်ယောက်ကဲ့သို့ ခုန်ဆွခုန်ဆွနဲ့ဗျ။ ရုတ်တရက် အိမ်ဘေးချင်းကပ်နေသည့် မုဆိုးမလေးတစ်ယောက်နဲ့ တိုးမိတာ အဲ့ဒီအခါကျမှဗျာ ကျနော်အဖြစ်က ဟို…ကောင်မလေးတစ်ယောက်၏ တင်လုံးလုံးလေးကို သွားကိုင်မိပြီး လူလယ်ကောင်မှာ ပါးအရိုက်ခံရပြီး မျက်နှာနီရဲရဲကြီးနှင့် ချွေးဇောပျံသွားသည့် စပယ်ယာကားတစ်ယောက်ပမာ ဟီး…ဆိုပြီး ဟိုကုတ်ဒီကုတ်နှင့် လုပ်လိုက်တာလေ။ ဟို.. မုဆိုးမလေးက ကျော်မသွားဘူးဗျာ အရေးထဲ ကျနော့် ရပ်ကြည့်နေနေသည်။ ကျနော်ကတော့ မာန်ကိုယ့်ကို ဟန်သူ့ကိုလား ဟန်ကိုယ့်ကို မာန်သူ့ကို ဆိုလားဘာလား (ဗမာစကားမကျွမ်းကျင်တော့ စကားနှစ်ခွရေးထားသည် :) ) မယားဘဲနဲ့ ကုတ်နေသည်။ သူက ကျနော့်ကို အစောကြီးက ကြိုက်နေလေတော့ စိုးရိမ်စွာနဲ့မေးလိုက်သည် ဘာဖြစ်နေလဲလို့ပေါ့။
ကျနော့်ကလည်း ပျိုပျိုကြီးတစ်ယောက်တည်းကိုမှ စွဲလမ်းချစ်မိနေတာ ဒီမုဆိုးမလေးကိုတော့ မောင်နှမသဘောမျိုးနဲ့ပဲခင်တာ။ အဲ့ဒီတော့ ကျနော်က ဟေ့ဟေ့ နင်သွားမှာသာ သွားစမ်းပါ ဒီမှာ ခါကျင်ဝင်ကိုက်လို့… အားပါးပါး.. နားလိုက်တာ ငါ.. ငါ.. ဘောင်းဘီချွတ်လိုက်တော့မယ် မနေနိုင်တော့ဘူးဟု ပြောလိုက်ကာမှ မုဆိုးမလေးခများ မျက်နှာနီရဲသွားပြီး ဟင်း… အတော်ဆိုးတဲ့ မောင်ကြီးဆိုပြီး နောက်လှည့်မကြည့်ပဲ ပြေးသွားပါတော့သည်။။

ဒီတစ်နေ့ ဤမျှနှင့်သာ ကျေနပ်ပါ။

စိုင်းလင်းတိုင်း

သံယောဇဉ်

တောင်းဆုခြွေသည်

တစ်ခေါက်တစ်ခါ ဖြစ်ဖြစ် ရောက်ချင်သည်
သူရှိသည့်မြေ၊
တစ်ကြိမ်တစ်ခါဖြစ်ဖြစ် မြင်ဖူးချင်တာ
လှတစ်မျက်နှာလေး၊
တစ်ချိန်တစ်ခါဖြစ်ဖြစ် ငေးမောကြည့်ချင်တာ
သူ့မျက်နှာ၊
ကံဇာတာရေ ဒီတစ်ခါတော့
ငှဲ့ညာလှည့်အုန်းကွယ်
ချစ်ကံမကုန်
ဆုံဖြစ်ခွင့်လေး
ပေးသနားလှည့်ပါလို့
တောင်းဆုခြွေသည်။

နေနိုင်သူလေး

မောင့်အိမ်မက်မေ


ချိုသာတဲ့ သူ့ပြောစကား
နှလုံးသားမှာ စွဲငြိခဲ့လေပြီ။
အတွေးပန်းချီ ညတွေတိုင်း
ညဥ့်နက်လေလေ နက်ရှိုင်းလေ
အတွေးထဲရယ် အမြဲလာတဲ့မေ
အိမ်မက်ထဲလည်း အမြဲနှောက်ယှက်တယ်
သိပ်ဆိုးတဲ့ ချစ်စရာ့မလေးရေ။
လှတစ်မျက်နှာ မြင်ခွင့်မရှိပေမယ့်
မှာတော်ပါး စကားလေးတွေနဲ့
ကျေနပ်နေတဲ့ ဒီမောင့်ကို
ရူးသွပ်သူလို့ ဆိုလေမလားကွယ်။
အဟုတ်တကယ် ရင်ထဲမှလည်းလေ
တိုင်တည်ကာရေ ဆိုရဲတယ်
မထင်မှတ်ပဲ ဆုံဆည်းခဲ့ပေမယ့်
ဒီတစ်သက်နဲ့ ဘ၀ဆက်တိုင်းမှာ
ချစ်ခင်တွယ်တာ အမြဲကြင်နာမယ်
သူလေ....
မောင့်ရဲ့အိမ်မက်မေ ။ ။

ရေးစရာ စာမရှိပါ


ဒီနေ့ ကျွန်ုပ်သည် ကွန်ဗျူတာရှေ့မှာ တစ်နေကုန်ထိုင်နေခဲ့သည်၊ ဘာမှမလုပ်ဘူး တကယ်ပါပဲ ဘာမှကိုလုပ်ချင်စိတ်မရှိဘူး။ ကျွန်ုပ်၏ စိတ်တွေကလည်း လေးလံထိုင်းမှိုင်းနေသည်။ ရွာသားမို့ ကွန်ဗျူတာမမြင်ဖူး၍ ပါးစပ်အဟောင်းသား စကားတစ်ခွန်းမှ မပြောပဲ ငေးမောကြည့်နေသည့်အတိုင်းပါပဲ။ မနိုင်းကောင်း မနိုင်းစရာ ငအတစ်ယောက်ကဲ့သို့ သူများတွေ အလကားပြသည့် ဗွိတိယိုကားကို ပါးစပ်မပိတ်ပဲ ကြည့်နေသည့်အတိုင်း အဲ့ဒီလောက်ထိကို ငိုင်ငေးတွေဝေနေသည်။ တကယ်ပါ ဘာမှန်းလဲမသိဘူး ထမင်းကြွေးမည့်သူမရှိ၍ မျှော်လင့်ချက်တွေ ကုန်းခမ်းပြီး လမ်းဘေးမှာ ခွေခွေလှဲအိပ်နေသည့် ခွေးလေခွေးလွန့်လေး တစ်ကောင်အတိုင်းပါ။

ဆက်လက်ဖတ်ရှုရန်


ခဏကြာတော့ သူငယ်ချင်းတစ်ယောက် ငမောဝ်ရောက်လာသည်၊ သူသည် ကျွန်ုပ်ဘေးနားလာထိုင်နေသည် ဘယ်လောက်ကြာသွားမှန်းမသိဘူးဗျာ သူခများ ကျွန်ုပ်ကိုခင်လွန်း၍ မကြာခဏ လာလည်သည်။ သူသည် ကျွန်ုပ်ကို အနှောင့်အယှက်မပေးချင်တာနဲ့တူသည် ကျွန်ုပ်ကို စကားမပြောပဲထိုင်ကြည့်နေသည်။ အတန်လေးကြာတော့ သူသည် ကျွန်ုပ်ကို စကားစ၍ပြောလိုက်သည်။ သူက ဟေ့ကောင်ကြီး မင်းဘာအလုပ်တွေရှုပ်နေတာတုန်းဟ၊ ငါထိုင်ကြည့်နေတာ ကြာပြီ၊ ပြီးတော့ မင်းက တုပ်တုပ်မျှမလှုပ်ဘူး လေဖြတ်ပြီးသေနေပြီလားလို့ ငါထင်နေတာ။ တော်သေးရဲ့ကွာ ငါတို့လိုက်လို့ လှုပ်လာတယ်၊ တို့များမတို့လိုက်လို့ကတော့ ကွန်ဗျူတာရှေ့မှာ ငုတ်တုတ်ကြီးနဲ့ သေမှာကိန်းသေတယ်။ မင်းဟာက အားအားတိုင်း ဒီလိုပဲထိုင်နေတာ စိတ်မနံ့တဲ့ ဟိုဘက်အိမ်က ငလူးအတိုင်းပဲ တဲ့။ အောင်မလေး ငမောဝ်ရာ တစ်ခြားဟာ နိုင်းစမ်းပါ အဲ့ဒီ ငလူးနဲ့တော့ မတူချင်ပါဘူးကွာ၊ ဟိုတစ်နေ့ အဲ့ဒီကောင်က ရွာလမ်းခလယ်ခေါင်မှာ ငုတ်တုတ်ရပ်ပြီး ငေးနေတာ ဘာငေးလို့ငေးနေမှန်းမသိဘူး၊ အဲ့ဒီအချိန်က နွားတွေကျွဲတွေ အိမ်ပြန်တဲ့ချိန်လေ ကံကောင်းလို့ ငါနဲ့တိုးပြီး သူ့ကိုလမ်းဘေးဆွဲတင်လိုက်တာ နို့မို့ဆိုရင် ကျွဲတွေက မျက်စိနောက်တယ်ဆိုပြီး နင်းသတ်ပစ်မှာ။ ငါ့ကို အဲ့ဒီကောင်နဲ့မနိုင်းစမ်းပါနဲ့ ဖွဖွ ဖွဟေ့၊ အဲ့… ငါ့ကို ရုပ်ရှင်မင်းသား တစ်ယောက်ယောက်နဲ့ တူတယ်လို့ မင်းတစ်ခါမှ မပြောပါလားဟု ကျွန်ုပ်သည် မကျေမနပ်နဲ့ ပြောလိုက်သည်။ ဟုတ်တယ်လေ တို့ရွာ တစ်ရွာလုံးက ကောင်မလေးတွေက ကျွန်ုပ်ကို ဟိုမင်းသားနဲ့တူတယ်လို့ နိုင်းလို့နိုင်း ၊ ဟိုအဆိုတော်နာမည်ကြီး စိုင်းဆိုင်မောဝ်နဲ့ မျက်နှာချင်းဆင်တယ်လို့ ပြောလို့ပြော၊ ဒီငမောဝ်ကျမှ ကျွန်ုပ်သည် စိတ်မနံ့တဲ့ ငလူးနဲ့ အနိုင်းခံရခဲ့ရသည်။ ကျွန်ုပ်ကို ဆော်ထားတဲ့ငမောဝ် တွေ့ကြသေးတာပေါ့လို့ စိတ်ထဲကျိန်းထားသည်။ နောက်နေ့ရောက်တော့ ဈေးလယ်ခေါင်မှာ မရောင်မလည်နဲ့ ငမောဝ်ကို ကျွန်ုပ်တွေ့လိုက်သည်။ ကျွန်ုပ်ကို သူမမြင်၊ ကောင်းလိုက်မြင်ကွင်း ကျွန်ုပ်ဖြင့် ကိုယ့်မျက်လုံးပျူးသွားသည်၊ အလဲ! ငမောဝ်က သူကောင်မလေးနဲ့ တစ်တွဲတွဲနဲ့ ဒီဈေးထဲမှာ သူတို့နှစ်ယောက်ထဲ ရှိသည်၍များထင်နေသလားတော့ မသိဘူး၊ ငမောဝ်က သူ့ကောင်မလေးဖို့ ထမီတွေ တစ်ထည်ပြီးတစ်ထည်ရွေးပြီး လိုက်မလိုက်ဆင်ပေးနေတာ အောင်မလေးနော် ကြည်နူးလည်းကြည်နူးစရာ ရှက်လည်းရှက်စရာ မြင်ကွင်းလေးပေါ့။ ဘာပြုလို့လဲဆိုလျှင် သိကြတဲ့အတိုင်း ကျွန်ုပ်တို့ရွာက ရွာသူရွာသားတွေသည် သိပ်ရိုးသားပြီး အရှက်ကြီးကြတာ၊ သိပ်ချစ်ပါသည် ဆိုသည့်စုံတွဲတိုင်းတောင် အဲ့ဒီလို လူရှေ့သူရှေ့ မလုပ်ရဲကြဘူးလေ၊ ခုတော့ ဖေါက်သွားပြီ။ ဖေါက်သွားပြီဆိုတာက ခေတ်မှီသွားပြီပေါ့ခင်ဗျား။ ကျွန်ုပ်လည်း………ပြောတော့ပါဘူး၊ ကိုယ့်နားကိုပြန်ရှက်သည်။
ဒီလိုနဲ့ ငမောဝ်တို့စုံတွဲလေးကွဲသွားသည်၊ သူကောင်မလေးပြန်သွားသည်။ ဈေးထဲမှာ သူတစ်ယောက်တည်း ကျန်ခဲ့သည်။ ဒီချိန်တော့ ငါ့အတွက်ပေါ့ ငမောဝ်ရာ မဟုတ်မဟတ်သွားစလိုက်အုန်းမည်။ ကျွန်ုပ်သည် သူနားရောက်လျှင်ရောက်ချင်းပဲ ဟေ့ အမြှီးတလှုပ်လှုပ် မပြန်သေးဘူးလားဟု ပြောလိုက်သည်။ သူက ဟာ..ဟေ့ကောင် ဘယ်လိုခေါ်လိုက်တာလဲဟ လူရှေ့သူရှေ့မှာ ရှက်စရာကြီးဟု ပြောတော့ ကျွန်ုပ်က အောင်မာ ဟကောင် ခုမှ ရှက်စရာလေးဘာလေးနဲ့ ပြောနေသေးတယ် ခုနားကတော့ ထမီကို တစ်ထည်ပြီးတစ်ထည်ကိုင်နေတာကို မရှက်ဘူး။ အာ.. မင်းကတော့ ပြောလေဆိုလေပါလား ငစိုင်းရ ကဲ့ကဲ့ လာ တစ်ခုခုသွားစားရအောင် ငါဒီမှာ မနေရဲ့တော့ဘူး ရှက်တယ်ကွာ မင်းအသံက တိမ်ဝင်နေတော့ ဒီနားကလူတွေ ကြားမသွားတာ တော်သေးတယ်၊ ဟေ့ကောင် ငါအကြံတစ်ခုပေးလိုက်မယ် မင်း နေပူထဲမှာ နှစ်နာရီလောက် သွားထိုင်လိုက် ပြီးရင် ချက်ချင်း ရေခဲရေ ၀ယ်သောက်ပစ်လိုက် အဲ့ဒီအတိုင်း နေ့တိုင်းလုပ်ပေးနော် ဒါမှ ငါသက်သာရာရမှာကွဟု ပြောလိုက်သည်။
ဤမျှနှင့်သာ။
မောင့်အိမ်မက်မယ်ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို မနေ့ညက သီကုံးခဲ့တာ အခုဘယ်ပျောက်သွားမှန်းမသိ၍ မထည့်နိုင်တော့ပါ။ မဟုတ်မှလွဲရော မွေးထားသည့် ချစ်တော်ကြောင်မလေးကြောင့်ထင်သည်၊ ကြောင်မလေးက အဆော့တန်လေတော့ ဆော့ရင်းဆော့ရင်းနှင့် မျိုချလိုက်ပြီလား ထင်ယောင်ထင်မှားနဲ့ ရှာလည်းမတွေ့ရလေပြီ။
ဒီ ဦးကိုင်ဇာဆိုထားတဲ့ သီချင်းလေးနဲ့ပဲ ဝေမျှခံစားပါရစေလား။။

စိုင်းလင်းတိုင်း

မောင့်အိမ်မက်မယ်

အေးသို့ လွမ်းစာ


လာပါဆိုတော့လည်း
အေးကပျောက်နေတယ်
ကယ်ဆယ်ပါကွယ်မောင့်အသည်း
အေးကြောင့်ဒီမောင့်နွမ်းလျလှပြီလေ။
ချစ်တယ်ပြောတော့လည်း
အေးကကရုမပြုတော့
မောင့်သည်းလေးပျော့ခွေခဲ့ရ
မြေမှာကြွေကျနွမ်းလျလှပြီကွယ်။
အေးရယ်…
ဘယ်ဆီရောက်ရောက်
ဘယ်လောက်ဝေးဝေး
ဘာပဲဖြစ်ဖြစ်ပေါ့
မုန်းတမ်းစကားမပြောကြေးနော်
စိုင်းချစ်တဲ့အေး ။။


အဖြစ်ချင်ဆုံး

စိုင်းလင်းတိုင်း | 6:07 AM | 1 အားပေးစကား

စီးဆင်းတတ်တဲ့အရာတွေထဲမှာ
မျက်ရည်ဆိုတာအပူလောင်ဆုံး
ဒီလူ့ရဲ့ထုံးစံ ၀မ်းသာပြန်တော့မျက်ရည်နဲ့
သို့ပေမယ့် ဒီမျက်ရည်ဟာ အေးချမ်းတယ်။
ဒီလူ့ရဲ့ထုံးစံ ကြေကွဲပြန်တော့လည်း
ဒီလိုပါပဲကျတတ်တယ်
သို့ပေမယ့်…
ဝမ်းနည်းတဲ့မျက်ရည်ဟာ
ဒီကမ္ဘာမှာ မမြင်ချင်ဆုံးနဲ့
အပူလောင်ဆုံးရေစက်လေးတွေပါ။
ဒီရင်ခွင်၏အဖြစ်ချင်ဆုံး
ဒီနှလုံးသားရဲ့ဆန္ဒတစ်ခု
တောင်းဆိုမှုလေးပြုလိုက်သည်။
အားလုံးအားလုံးတို့တစ်တွေ
ပျော်ရွှင်ခြင်းတွေဆုံကြရင်း
ကြေကွဲဆင်းရဲဝမ်းနည်းမှုတွေများ
လူသားတိုင်း၌ကင်းနိုင်ကြစေလို့…။။

ထာဝရစကား

စိုင်းလင်းတိုင်း | 12:40 AM | 2 အားပေးစကား
ထာဝရဆိုတာ အမြဲတမ်းပေါ့။ အရာအားလုံးတွေဟာ မမြဲဘူးဆိုပေမယ့် လူတွေရဲ့ လုပ်ဆောင်ချက်တွေကတော့ ဒီကမ္ဘာမြေ တည်နေသ၍တော့ ကျန်ခဲ့မှာပါ။ လူတစ်ယောက်ရဲ့ လုပ်ဆောင်ထားရှိချက်လေးတွေဟာ ကမ္ဘာမတွင်ကြေစေအုန်းတော့ သူ့မရှိတဲ့အချိန်နောက်ပိုင်းမှာ သူလုပ်ဆောင်ထားတဲ့ အချက်လေးတွေကို အနည်းဆုံး သူ့နဲ့ရင်းနှီးဖူးတဲ့ လူတစ်ယောက်ကတော့ သတိတရနဲ့ ထာဝရအမှတ်ရနေမှာပါ။ ဒါကြောင့် ဒီလိုအစုပ်ပလုပ် ဒီလိုနာမည် “ထာဝရစကား”နဲ့တပ်ပြီး ချောင်ကျိုချောင်ကြားထဲမှ ထွက်ပေါ်လာတဲ့ သူများလွှင့်ပစ်ထားခဲ့တဲ့ ဒီစာမျက်နှာ ဘာမဟုတ်တဲ့ ဒီကလောင်နာမည် ဒီခံစားချက် အများကောင်းကျိုးအတွက် မဟုတ်ပေမယ့် ဒီလူ့အတွက်တော့ သူ့ရဲ့ဘ၀တစ်သက်စာမှာ ထာဝစဉ်အမှတ်တရလေးပေါ့။ ထာဝရစကားဆိုတာ ဟိုတုန်းကပြောဖြစ်ခဲ့တဲ့ စကားတွေကို အစဉ်ရင်ခွင်မှာ သိမ်းဖက်ပွေ့ပိုက်ရင်း ဘယ်တော့ဖြစ်ဖြစ် ပြန်လည်ပြင်ဆင်ရန် အမြဲငြင်းနေတတ်တယ်၊ ပြီးတော့ ထာဝရစကားဆိုတာ မသေမချင်း အသက်ရှင်နေသ၍ အမှတ်တရဖြစ်နေမယ့် ခိုင်ခံ့စွဲမြဲစွာနဲ့ ဒီလူရဲ့ နှလုံးသား ဖန်အိမ်လေးရှေ့မှာ မားမားမတ်မတ် ရပ်တည်နေတဲ့ စကားလုံးလေးတွေပေါ့…….။။

ထာဝရအဆုံးထိ

ထာဝရ

ချစ်တယ်ဆိုတဲ့စကား
ကြားအောင်မင်းမပြောလည်း
မင်းရဲ့အပြောအဆိုလေးတွေ
ကိုယ့်နှလုံးသားကိုရိုက်ခတ်သွားခဲ့တယ်။
တည့်တည့်မကြည့်ပေမယ့်
စောင်းကြည့်နေတဲ့မင်းမျက်လုံး
ကိုယ့်နှလုံးသားကိုဖမ်းစားသွားခဲ့ပြီ။
တစ်ဆင့်အိမ်မှ
ကိုယ့်အိမ်ကမင်းရဲ့နောက်ဆုံး
မင်းနှလုံးသားလေးပျော်ရွှင်စရာ
ရွယ်ကာဆောက်ထားခဲ့တဲ့ဒီအိမ်လေး
ထာဝရခိုင်မြဲနေမယ် သက်ထက်ဆုံး။

ခံစားချက်ချင်းတူညီခဲ့ရင်နားဆင်သွားလှည့်ပါ

ပန်းချီကားလေးတစ်ချပ် ဆွဲခဲ့သော ကောင်းကင်

စိုင်းလင်းတိုင်း | 5:13 AM | 0 အားပေးစကား
မပြီးဆုံးနိုင်တဲ့ ဒီအိမ်မက်


အပြီးသတ်ဖို့ ဆုံးဖြတ်ခဲ့တာ

အကြိမ်ကြိမ်အခါခါ။

ဒီဇာတ်လမ်းမှာ မောင်ဟာလူဆိုးမို့

အငြိုးကြီးစွာနဲ့ ဖြတ်တောက်ခံရလဲ

ကျေနပ်နေဆဲ….

ရင်ထဲက အငြိုးအတေးမထားရှိခဲ့ပါ။

ရင်နာစရာဆိုတာက

ဒီလူ့အတွက်တော့ အခုမှမဟုတ်

ငုတ်တုတ်ထိုင်ပြီး ကျန်ခဲ့ရတာ

ကြွေကျတဲ့ သစ်ရွက်လေးတွေပမာ

မြေမှာပျံ့ကြဲနေလေရဲ့။

အစကတော့ တစ်သက်လုံးပေါ့နော်

မျှော်လင့်ချက်လေးတွေတူညီခဲ့

သို့ပေမယ့်……….

အချိန်တော်တန် မုန်းကြောင်းဖန်လာခဲ့လေတော့

မောင့်ပဒုံမာရွှေကြာမျက်ဝန်း ညှိုးနွမ်းခဲ့လေပြီ။

လောကအလှ ပန်းချီကားလေးတစ်ချပ်ကို

ရေးဆွဲခဲ့တာ မင်းပါ ကောင်းကင်ရယ်။

လေအတိုက်မှာ တိမ်ထုတွေရောက်လာခိုက်

ဒီလောကရင်ပြင်တစ်ခုလုံး ဆိတ်သုံးမှောင်မိုက်သွားရအောင်

ကြံဆောင်ရက်ခဲ့လေရော့သလားကွယ် ။။

(မှတ်ချက်။ အမ်ကေအန်မှ ပြန်လည်ကူးယူထားသည်။)


ခံစားချက်ချင်းတူညီခဲ့ရင် နားဆင်သွားပါလား


ဝေးပြီထင်တယ်

စိုင်းလင်းတိုင်း | 3:32 AM | 0 အားပေးစကား
ရွှေမျက်နှာတော် ဖူးမျှော်နိုင်ခွင့်
တစ်ဖက်ကမ်းကိုစွန့်ပြီးလာခဲ့တာ
မောင့်မဟေသီ ဒေ၀ီသိမှာပါ။
နှင်ထုတ်မိန့်စာ ထုတ်ကာမပြပေမယ့်
ရွှေစင်မျက်လုံးသူ့ရဲ့အပြုံးပျောက်ကွယ်တာ
သွားတော့လို့ ပြောနေသလိုပါ။
ရွှေမျက်နှာတော် မညိုးနွမ်းရလေအောင်
အမျိုးမျိုးအဖုံဖုံ ကပြပြုံးရကြံဆောင်ခဲ့ပေမယ့်
မောင့်ရဲ့အင်အား အားပေးစကား
ရွှေနားမတွေ့ စိတ်တော်မခွေ့၍
ဒီဘ၀တစ်ကွေ့မှာတော့ ဝေးပြီထင်။။

(မှတ်ချက်။ ။ ဒီကဗျာသည် အမ်ကေအန်မှ ပြန်လည်ကူးယူဖေါ်ပြထားသည်။)

အချိန်လေးပေးနိုင်ခဲ့ရင် နားဆင်သွားပါလားနော်

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft