ဒီ ဒီဇင်ဘာ

ခိုက်ခိုက်တုန်အောင်အေးတဲ့ ဒီဇင်ဘာ၊
နှင်းဖွဲလေးတွေ ဝေဖြာလို့၊
လွမ်းဖို့ကောင်းတယ် ဆိုမလား၊
အတွေးများက ပြည့်နက်လို့နေပ၊
ယိမ်းနွဲ့နွဲ့ အကလေးတွေနဲ့၊
မြစိမ်းရောင်လန်း တောင်တန်းရှည်များရေ၊
တို့မြေတို့ရေ တကယ်ကို လှပါတယ်။
သို့ပေမယ့်လေ...
ပြောင်းလဲမှုများရဲ့အောက်မှာ၊
ငြိမ်းချမ်းမှုဆိုတာ ကင်းမဲ့နေလေရဲ့၊
တကယ်ဆို အေးလွန်းလှတဲ့ ဒီဇင်ဘာ၊
ခိုက်ခိုက်တုန်အောင် အေးနရမှာပါ၊
ခုခါတော့များ သူ့ကြောင့် ငါဟာ ဒီ ဒီဇင်ဘာ၊
နွေးထွေးခိုလှုံရာ ရင်ခွင်မဲ့ခဲ့လေပြီ။ ။
Subscribe to:
Posts (Atom)