ငုဝါပွင့်ချိန်

စိုင်းလင်းတိုင်း | Monday, April 5, 2010 10:04 AM

ငုဝါလေးတွေပွင့်ချိန်မှာ
သတိရနေတာ လွန်မယ်မထင်
ကြင်နာသူရေ ဆုံကြစို့။
ငုဝါတွေပွင့်ချိန်ရောက်
ကိုယ့်လောက်လွမ်းတဲ့သူ
ဒီမြေ့ဒီဇဗ္ဘူ ဘယ်သူမှရှိနိုင်မယ်မထင်
ကြင်နာသူရေ ဆုံကြစို့။
ငုဝါလေးတွေပွင့်တော့လည်း
ကြင်သူလေးကအဝေးမှာ
ဆုံနိုင်တာ မဆုံနိုင်တာ
မသေချာမရေရာပေမယ့်
မျှော်လင့်ခြင်းရဲ့ အစွန်းတစ်ဖက်ရောက်နေဆဲ၊
ငုဝါလေးတွေပွင့်ပြန်ပြီ
မောင်နဲ့မေ ဆုံနိုင်ဖို့ကြိုးစားစို့ကွယ်
ဒီဘ၀မှာလေ အတူနေရမှ
ရင်အပူမီးကအေးလိမ့်မယ်
ကြင်နာသူရေ ဆုံကြစို့လားကွယ်။ ။

ချစ်ခြင်းများစွာဖြင့်
-

2 Comments to "ငုဝါပွင့်ချိန်"

  1. လင်းတိုင်းဆုံချင်တဲ့သူနဲ့ အမြန်ဆုံး ဆုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ကွယ်...



    အစ်မအင်ကြင်း

  2. စိုင်းရေ..
    တော်တော် လွမ်းတက်တယ်ဟေ့။
    ချစ်သူနဲ့ အမြန်ဆုံး ပြန်ဆုံနိုင်ပါစေနော်။
    ဟာသလေးတွေ တင်အုံးနော်။

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft