နှလုံးသားသံစဉ်တစ်ပုဒ်

စိုင်းလင်းတိုင်း | Sunday, June 20, 2010 11:28 AM

မျှော်တယ်ဆိုတာ ယောကျားမာန
ကျနိုင်ပေမယ့် ဝေးနေတဲ့ချိန်
ချိုမြိန်နေ့ရက် မျှော်လင့်တတ်တာလူတိုင်းပေါ့။
ခုတော့…
အေးတိအေးစက် မင်းတုန့်ပြန်ချက်
ရှေ့ဆက်တိုးမယ့် ငါ့ခြေလှမ်းများ
တုန့်ဆိုင်းသွားစေခဲ့။
တကယ်ဆို…
စေ့ဓါတ်မာန်ပြင်း ဒီချစ်ပျိုးခင်း
စိုက်ခဲ့တာမင်း
ပြီးတော့ ...
ဖျက်ပြန်လည်းမင်း
ရင်နင့်ခြင်းကိုဖြစ်စေခဲ့။ ။

2 Comments to "နှလုံးသားသံစဉ်တစ်ပုဒ်"

  1. သြော်....မျှော်တယ်ဆိုတာ ယောကျာ်းမာန ကျတယ်လား....အခုမှပဲ ကြားဖူးတော့တယ် :D

  2. ဟုတ်ပါ့..ကြင်းပြောမှ သိတော့တယ်..။

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft