Your Desire

စိုင်းလင်းတိုင်း | Saturday, July 10, 2010 9:45 AM



မခေါ်ပဲနဲ့ ရင်ထဲရောက်လာခဲ့သော မိန်းမချောရယ်.... ရင်ခွင်မှာ ခဏသာ နားခိုပြီး မင်းပြန်သွားခဲ့ပြီနော်.... တကယ်ဆို ငါဟာ မင်းလေးကို တကယ်မြတ်နိုးခဲ့တာပါ... အခုတော့ မင်း... ငါမောင်းမထုတ်ပဲ ငါ့ကို ကျောခိုင်းထွက်သွားခဲ့ပြီ..... သေကွဲ ကွဲတာဖြေသာနိုင်ပေမယ့် ရှင်ကွဲ ကွဲရတာ ရင်မှာ ပြောမပြ နိုင်လောက်အောင်ကို ခံစားရတယ်..... တစ်ခဏသာ ချစ်ချင်ခင်မင်ခွင့်ပေးပြီး တိတ်တစ်ဆိတ် ထွက်ပြေးသွားတဲ့မင်း... မင်းက အနိုင် ငါကအရှုံး.... မင်းအလိုကျ အချစ်ဖက်မှာ ငါဟာ အရာရာအားလုံး ကျဆုံးခဲ့ပြီ.... ရင်မှာ အချစ်ဝေဒနာ အစုလိုက် အပုံလိုက် ထားခဲ့တဲ့မင်း... မင်း.... မင်းဆိုတဲ့ မိန်းမချောလေးတစ်ယောက်.....

2 Comments to "Your Desire"

  1. ကောင်မလေးက ပြေးသွားပြီလား..စိုင်းရေ..
    စိတ်မကောင်းဘူး..။

    ပျော်ရွှင်ပါစေ..။

  2. သြော်.... ငါ့မောင်လေး စာတွေမရေးဘဲ ပျောက်နေပါတယ်လို့ လတ်စသတ်တော့အသည်းတွေကွဲနေတာကိုးးးးးးးး....
    အချစ်ဝေဒနာဆိုတာ ရောင်းစားလို့ရရင်ကောင်းမယ်နော် အစုလိုက်အပုံလိုက်ထားခဲ့တာဆိုတော့ ရောင်းစားလို့သာရရင်ကတော့ ပွတာပဲလို့ :D

    (အသည်းကွဲနေတဲ့သူကိုပျော်အောင် နောက်သွားပါသည်။)

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft