မင်းဝမ်းသာတော့

စိုင်းလင်းတိုင်း | Sunday, April 18, 2010 9:17 AM

အနေဝေးခဲ့ပေမယ့် ပြန်ဆုံသည့်တစ်နေ့မှာ
မခွဲမခွါမေ့အနားပဲ နေတော့မည်။

အနေဝေးခဲ့ပေမယ့် ပြန်ဆုံတွေ့သည့်ချိန်
ချိုမြိန်သည့်ချစ်ခြင်း နှင်းကာအပ်ပါ့မည်။

အနေဝေးပေမယ့်လို့ တို့ပြန်ဆုံသည့်အခါ
မေ့စိတ်ချမ်းသာအောင် ဆောင်ကာချင့်ပါ့မည်။

အနေဝေးခဲ့၍ ပြန်မဆုံတွေ့သေးခင်
ချစ်နှမရင်ထဲ စမ်းရေပမာအေးမျှစေဖို့
မောင်ကြီးကိုယ်စား သ၀န်လွှာလေးပါးလိုက် သည်။

အနေဝေးခုခါ နှမရင်မှာသံသယ
ပတ်ဝန်းကျင်ကစကား ရင်မှာသိုလှောင်ထားပါနှင့်
ရင်နှင့်စေမည့်အတွေမျိုး ကိုင်းခက်ချိုးကာလွှင့်ပစ်လိုက်ကွယ်။

ပြန်ဆုံရသည့်အခါ ရင်မှာပွင့်လန်း
ဒီအချစ်ပန်းကမေ့အတွက် မပျက်မကွက်ပန်ပေးမည်
မောင့်ချစ်သည့်နှမငယ်ရေ မင်းဝမ်းသာတော့။ ။


။ ။ မှတ်ချက် ။ ။
အစကတော့ ဟာသစာပေလေးတစ်ပုဒ်ထပ်ရေးမလို့ပါပဲ၊ ဒါပေမယ့် ဟာသဖြစ်စေမယ့်အတွေးက ဘယ်ဆီလမ်းတလားနေမှန်းမသိ ခုထိသူရောက်မလာသေးဘူး၊ ငါးမိနစ်လောက်တွေးပြီးပေမယ့် သူထွက်မလာလို့ ဆယ်မိနစ်လောက် လက်ကလိလိုက်တာ ဒီလို ကဗျာလိုလို စာကြောင်းလေးတွေဖြစ်လာခဲ့ပါတယ်။ မကောင်းရင် ပြောပါခင်ဗျား။ ပြန်လည်ဖျက်ပစ်လိုက်ပါ့မယ်၊ လွတ်လွတ်လပ်လပ်ပေါ့နော်။

ချစ်ခြင်းများစွာဖြင့်


-

2 Comments to "မင်းဝမ်းသာတော့"

  1. ကဗျာရေးတဲ့သူကလည်း ပဲများနေလိုက်တာ... ဟုတ်ကဲ့ ကောင်းပါတယ်...မဖျက်ပါနဲ့

  2. ကောင်းပါတယ်..
    ဆက်လက်ကြိုးစားပါ စိုင်းရေ..

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft