နွေအလွမ်း

စိုင်းလင်းတိုင်း | Wednesday, April 28, 2010 12:08 AM

ထားခဲ့ပါချစ်သူ မှားခဲ့တာကိုအပြစ်ယူခဲ့ရင်ပေါ့
သွားလှည့်ပါချစ်သူ အားပေးစကားကိုတန်ဖိုးမထားခဲ့ရင်ပေါ့
ရိုက်နက်ခဲ့ပါချစ်သူ ပါးနှစ်ဖက်ကိုမသနားခဲ့ရင်ပေါ့
နင်းချေလိုက်ပါချစ်သူ နှလုံးသားကိုလုပ်ရက်နိုင်ရင်ပေါ့
တွဲပြလိုက်စမ်းပါချစ်သူ တစ်ခြားသူကိုမင်းချစ်နိုင်ရင်ပေါ့
မကြင်လိုသူမင်းကို အပြစ်မဖွဲ့လိုပါ မင်းရဲ့အနောက်
တစ်ကောက်ကောက် ကိုယ်မရောက်လည်း ငါ့ချစ်စိတ်က
မင်းဘာလုပ်လုပ် အားပေးနေဆဲ….
ဒီမှာ မောင့်ချစ်တဲ့သူကြီးရေ
ငါ့နှလုံးသား တစ်နေရာမှာတော့ မင်းမှမင်း
မင်းမရှိလို့ဟာလာဟင်းလင်း နွေခေါင်ခေါင်ရင်ပြင်တလင်းမှာ
မိုးမျှော်မိုးခေါ် ဖားလေးတစ်ကောင်လို အော်နေမိပါရဲ့
ချစ်သူမဲ့တဲ့ ဒီရင်ခွင် နွေရဲ့အလွမ်း ဖေါ်မဲ့တဲ့ဥသြငှက်လေးလို
အလွမ်းသီချင်းဆိုနေမိ….
-

1 Comment to "နွေအလွမ်း"

  1. အောက်က ပိုစ့်မှာ ရီနေတဲ့ အရီလေးတောင် ပျောက်သွားတယ်... ကဲ...ကဲ...လွမ်း..လွမ်း...ကောင်မလေးနဲ့လည်း မြန်မြန်ဆုံပါစေ...ဒါမှ အလွမ်းတွေ ရပ်ပြီး ရီစရာ များများရေးနိုင်အောင်လို့လေ...

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft