ဝေးပြီထင်တယ်

စိုင်းလင်းတိုင်း | Monday, March 1, 2010 3:32 AM
ရွှေမျက်နှာတော် ဖူးမျှော်နိုင်ခွင့်
တစ်ဖက်ကမ်းကိုစွန့်ပြီးလာခဲ့တာ
မောင့်မဟေသီ ဒေ၀ီသိမှာပါ။
နှင်ထုတ်မိန့်စာ ထုတ်ကာမပြပေမယ့်
ရွှေစင်မျက်လုံးသူ့ရဲ့အပြုံးပျောက်ကွယ်တာ
သွားတော့လို့ ပြောနေသလိုပါ။
ရွှေမျက်နှာတော် မညိုးနွမ်းရလေအောင်
အမျိုးမျိုးအဖုံဖုံ ကပြပြုံးရကြံဆောင်ခဲ့ပေမယ့်
မောင့်ရဲ့အင်အား အားပေးစကား
ရွှေနားမတွေ့ စိတ်တော်မခွေ့၍
ဒီဘ၀တစ်ကွေ့မှာတော့ ဝေးပြီထင်။။

(မှတ်ချက်။ ။ ဒီကဗျာသည် အမ်ကေအန်မှ ပြန်လည်ကူးယူဖေါ်ပြထားသည်။)

အချိန်လေးပေးနိုင်ခဲ့ရင် နားဆင်သွားပါလားနော်

0 Comments to "ဝေးပြီထင်တယ်"

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft