ငှက်လေးတစ်ကောင်အတွက် ဆုတောင်း

စိုင်းလင်းတိုင်း | Sunday, March 14, 2010 10:44 AM

ခွန်းဆင့်ပြီးမေးခဲ့တယ် မေရေ နေကောင်းလား
ခွန်းတုန့်စကား သူ ပြန်သနားမလှည့်တာ
ဒီကမ္ဘာမှာ ကိုယ့်ထက်ပူလောင်သူ
ရှိနိုင်တော့ဘူးကွယ်…
အလှမာန်မှာ ပြင်းထန်လေတဲ့ငှက်လေးရေ
မင်းအတွက်…
ဖျက်ဆီးမုန်တိုင်း လေရိုင်းတွေကြားမှ
မောပန်းနွမ်းလျ မြေမခရစေနဲ့ရယ်လို့
ဒို့ဆုတောင်းတယ်…

1 Comment to "ငှက်လေးတစ်ကောင်အတွက် ဆုတောင်း"

  1. Anonymous

    အိမ်း...အိမ်း....ပြန်မဖြေတော့လည်း နောက်တစ်ခါ မမေးနဲ့တော့ပေါ့ လင်းတိုင်းရယ်...

    ခင်တဲ့
    မအင်ကြင်း

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft