အဖြစ်ချင်ဆုံး

စိုင်းလင်းတိုင်း | Tuesday, March 2, 2010 6:07 AM

စီးဆင်းတတ်တဲ့အရာတွေထဲမှာ
မျက်ရည်ဆိုတာအပူလောင်ဆုံး
ဒီလူ့ရဲ့ထုံးစံ ၀မ်းသာပြန်တော့မျက်ရည်နဲ့
သို့ပေမယ့် ဒီမျက်ရည်ဟာ အေးချမ်းတယ်။
ဒီလူ့ရဲ့ထုံးစံ ကြေကွဲပြန်တော့လည်း
ဒီလိုပါပဲကျတတ်တယ်
သို့ပေမယ့်…
ဝမ်းနည်းတဲ့မျက်ရည်ဟာ
ဒီကမ္ဘာမှာ မမြင်ချင်ဆုံးနဲ့
အပူလောင်ဆုံးရေစက်လေးတွေပါ။
ဒီရင်ခွင်၏အဖြစ်ချင်ဆုံး
ဒီနှလုံးသားရဲ့ဆန္ဒတစ်ခု
တောင်းဆိုမှုလေးပြုလိုက်သည်။
အားလုံးအားလုံးတို့တစ်တွေ
ပျော်ရွှင်ခြင်းတွေဆုံကြရင်း
ကြေကွဲဆင်းရဲဝမ်းနည်းမှုတွေများ
လူသားတိုင်း၌ကင်းနိုင်ကြစေလို့…။။

1 Comment to "အဖြစ်ချင်ဆုံး"

  1. သြော်...လူရယ်လို့ ဖြစ်လာမှတော့ ရှောင်လွှဲလို့မှ မရတာ...လင်းတိုင်းရယ်... :(


    ခင်တဲ့
    မအင်ကြင်း

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft