အားပေးတတ်သူလေးတစ်ယောက်သို့

စိုင်းလင်းတိုင်း | Friday, March 19, 2010 10:38 AM

ကျိတ်မနိုင် ခဲမရ
အဖြစ်က နောင်းခဲ့လည်း
ရင်ထဲမှာလေနာကျင်နေဆဲပဲ…
မနာလိုသူတစ်ချို့ရဲ့
ကဲ့ရဲ့ဖျက်ဆီးမှုတွေကြောင့်
သံသယစိတ်နဲ့မောင့်ကိုစိမ်းပြီလား…
ဘယ်လိုပဲပျော်အောင်နေနေ
မေစွန့်ခွါသွားတဲ့နေ့ကစ
မြင်မြင်သမျှရသကင်းမဲ့ခဲ့လေပြီ…
အဖြစ်ကဟောင်းခဲ့ပေမယ့်လည်း
မညိုးနွမ်းနိုင်သေးတဲ့ငါ့မေတ္တာ
ရင်ထဲမှာအလွမ်းတွေပြည့်နက်နေဆဲ…
အိပ်ပျော်နေတဲ့ဒီနှလုံးသား
မင်းကအနားတိုးတိုးကပ်ပြီး
ကိုယ့်အသည်းနှလုံးကို မင်း
ဘာကြောင့်လှုပ်ခါနိုးခဲ့ရသလဲ?
အမေးသာရှိ အဖြေမရှိတဲ့
ကိုယ့်ရဲ့မေးခွန်းစကားလေး
မင်းကလွဲ၍ဘယ်သူပေးနိုင်မှာလဲကွယ်…
သံသယစိတ်တွေဖြုတ်ထားကွယ်
အရင်ကလိုကိုအားငယ်ရင်
ကြင်နာမှုလေးအပြည့်နဲ့
အားပေးတတ်တဲ့သူရေ
စိုင်းလေ မေ့ကို ချစ်ခင်မြတ်နိုးနေဆဲ…

အမှာ။
ဟိုတုန်းက ရေးခဲ့သည့်ကဗျာလိုလို စာတိုလေးတစ်ပုဒ်ကို ပြန်လည်ခံစားတင်ပြသည်။

1 Comment to "အားပေးတတ်သူလေးတစ်ယောက်သို့"

  1. Anonymous

    ရည်ရွယ်တဲ့သူလေး အမြန်ဆုံးသိပါစေလို့ ဆုတောင်းပေးတယ် မောင်လေးရေ...

    အစ်မအင်ကြင်း

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft