ယဉ်ကျေးတဲ့သူလေး

စိုင်းလင်းတိုင်း | Wednesday, March 24, 2010 8:23 AM

ဆံပင်ရှည်လေးနဲ့ ယဉ်ကျေးတဲ့သူရေ
လေဆန်မှာ လူးလွန့်ကာပျံတက်သွားမယ့်
သူ့ရဲ့ဆံနွယ်လေးတွေကြောင့်
လှပါတယ်လို့ ရောင့်ရဲတင်းတိမ်နေတဲ့
ပန်းကလေးတွေ အရှုံးပေးခဲ့ရတယ် ...

ကြည်လင်သန့်ရှင်းတဲ့ သူ့ရဲ့မျက်နှာလေး
လင်းစက်ရောင်ခြည် ပေးစွမ်းနိုင်လွန်းတယ်
မှောင်အတိရေ ကမ္ဘာတစ်ဖက်ခြမ်း
သူတစ်ချက် လမ်းကြည့်လိုက်ရုံနဲ့
အမှောင်ရိပ်တွေ ကွယ်ပျောက်သွားခဲ့တယ် ...

ဒီလိုအမြဲ သူလေးလှမ်းကြည့်နိုင်ပါ့လား
ဟိုမှာလူတွေများ အယောင်ယောင်အမှားမှား
စကားဖောင်ဖွဲ့ အတွေးတွေနယ်ချဲ့ကာ
သူရောက်လာမယ့်လမ်း မျှော်မှန်းတမ်းတ
ဒီဒုက္ခမှောင်ရိပ်မှ လွတ်မြောက်နိုင်ရေး
သူ့ရဲ့ရောင်စင်မေတ္တာ မျှကာဖြန်းပေးမှ
ဖြစ်နိုင်မှာ ...
သူဟာ ယဉ်ကျေးတဲ့သူလေး ...

1 Comment to "ယဉ်ကျေးတဲ့သူလေး"

  1. Anonymous

    ကဗျာလေးဖွဲ့ထားတာလှတယ်...ပုံလေးနဲ့လည်း လိုက်တယ်...

    မအင်ကြင်း

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft