မောင့်အိမ်မက်မေ

စိုင်းလင်းတိုင်း | Sunday, March 7, 2010 9:01 AM

ချိုသာတဲ့ သူ့ပြောစကား
နှလုံးသားမှာ စွဲငြိခဲ့လေပြီ။
အတွေးပန်းချီ ညတွေတိုင်း
ညဥ့်နက်လေလေ နက်ရှိုင်းလေ
အတွေးထဲရယ် အမြဲလာတဲ့မေ
အိမ်မက်ထဲလည်း အမြဲနှောက်ယှက်တယ်
သိပ်ဆိုးတဲ့ ချစ်စရာ့မလေးရေ။
လှတစ်မျက်နှာ မြင်ခွင့်မရှိပေမယ့်
မှာတော်ပါး စကားလေးတွေနဲ့
ကျေနပ်နေတဲ့ ဒီမောင့်ကို
ရူးသွပ်သူလို့ ဆိုလေမလားကွယ်။
အဟုတ်တကယ် ရင်ထဲမှလည်းလေ
တိုင်တည်ကာရေ ဆိုရဲတယ်
မထင်မှတ်ပဲ ဆုံဆည်းခဲ့ပေမယ့်
ဒီတစ်သက်နဲ့ ဘ၀ဆက်တိုင်းမှာ
ချစ်ခင်တွယ်တာ အမြဲကြင်နာမယ်
သူလေ....
မောင့်ရဲ့အိမ်မက်မေ ။ ။

1 Comment to "မောင့်အိမ်မက်မေ"

  1. ကဗျာလန်းတယ်ဝေ့
    ဘဝဆက်တိုင်းကြင်နာနိုင်ပါစေ

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft