ထာဝရစကား

စိုင်းလင်းတိုင်း | Tuesday, March 2, 2010 12:40 AM
ထာဝရဆိုတာ အမြဲတမ်းပေါ့။ အရာအားလုံးတွေဟာ မမြဲဘူးဆိုပေမယ့် လူတွေရဲ့ လုပ်ဆောင်ချက်တွေကတော့ ဒီကမ္ဘာမြေ တည်နေသ၍တော့ ကျန်ခဲ့မှာပါ။ လူတစ်ယောက်ရဲ့ လုပ်ဆောင်ထားရှိချက်လေးတွေဟာ ကမ္ဘာမတွင်ကြေစေအုန်းတော့ သူ့မရှိတဲ့အချိန်နောက်ပိုင်းမှာ သူလုပ်ဆောင်ထားတဲ့ အချက်လေးတွေကို အနည်းဆုံး သူ့နဲ့ရင်းနှီးဖူးတဲ့ လူတစ်ယောက်ကတော့ သတိတရနဲ့ ထာဝရအမှတ်ရနေမှာပါ။ ဒါကြောင့် ဒီလိုအစုပ်ပလုပ် ဒီလိုနာမည် “ထာဝရစကား”နဲ့တပ်ပြီး ချောင်ကျိုချောင်ကြားထဲမှ ထွက်ပေါ်လာတဲ့ သူများလွှင့်ပစ်ထားခဲ့တဲ့ ဒီစာမျက်နှာ ဘာမဟုတ်တဲ့ ဒီကလောင်နာမည် ဒီခံစားချက် အများကောင်းကျိုးအတွက် မဟုတ်ပေမယ့် ဒီလူ့အတွက်တော့ သူ့ရဲ့ဘ၀တစ်သက်စာမှာ ထာဝစဉ်အမှတ်တရလေးပေါ့။ ထာဝရစကားဆိုတာ ဟိုတုန်းကပြောဖြစ်ခဲ့တဲ့ စကားတွေကို အစဉ်ရင်ခွင်မှာ သိမ်းဖက်ပွေ့ပိုက်ရင်း ဘယ်တော့ဖြစ်ဖြစ် ပြန်လည်ပြင်ဆင်ရန် အမြဲငြင်းနေတတ်တယ်၊ ပြီးတော့ ထာဝရစကားဆိုတာ မသေမချင်း အသက်ရှင်နေသ၍ အမှတ်တရဖြစ်နေမယ့် ခိုင်ခံ့စွဲမြဲစွာနဲ့ ဒီလူရဲ့ နှလုံးသား ဖန်အိမ်လေးရှေ့မှာ မားမားမတ်မတ် ရပ်တည်နေတဲ့ စကားလုံးလေးတွေပေါ့…….။။

ထာဝရအဆုံးထိ

2 Comments to "ထာဝရစကား"

  1. ထာဝရစကားကို အဓိပ္ပာယ်ဖွင့်ထားတာကတော့ လန်ထွက်နေတာပဲ...ငါ့မောင်လေး ထာဝရအောင်မြင်မှုတွေ ရပါစေကွယ်...


    ခင်တဲ့
    မအင်ကြင်း

  2. Anonymous

    ထပ်တူထပ်မျှပါ မမရယ်
    ပေးတဲ့ဆုနဲ့ ပြည့်ပါစေသား..။

    စိုင်းလင်းတိုင်း

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft