ထာဝရ

စိုင်းလင်းတိုင်း | Monday, March 1, 2010 8:53 AM
ချစ်တယ်ဆိုတဲ့စကား
ကြားအောင်မင်းမပြောလည်း
မင်းရဲ့အပြောအဆိုလေးတွေ
ကိုယ့်နှလုံးသားကိုရိုက်ခတ်သွားခဲ့တယ်။
တည့်တည့်မကြည့်ပေမယ့်
စောင်းကြည့်နေတဲ့မင်းမျက်လုံး
ကိုယ့်နှလုံးသားကိုဖမ်းစားသွားခဲ့ပြီ။
တစ်ဆင့်အိမ်မှ
ကိုယ့်အိမ်ကမင်းရဲ့နောက်ဆုံး
မင်းနှလုံးသားလေးပျော်ရွှင်စရာ
ရွယ်ကာဆောက်ထားခဲ့တဲ့ဒီအိမ်လေး
ထာဝရခိုင်မြဲနေမယ် သက်ထက်ဆုံး။

ခံစားချက်ချင်းတူညီခဲ့ရင်နားဆင်သွားလှည့်ပါ

2 Comments to "ထာဝရ"

  1. အချစ်မရှိလို့ ဗီဇာခ ငါးကျပ်ပေးပြီး ၀င်ရေးသွားပါတယ်...
    တည့်တည့်မကြည့်ပဲ စောင်းကြည့်တဲ့မျက်လုံးဆိုတော့ စဉ်းစားစရာပဲ ... မျက်စိတွေ ဘာတွေများစွေနေသလား...သေချာကြည့်ပါဦး လင်းတိုင်းရယ်... :))

    အစ်မက စတာနော်...တော်ကြာ သူ့ကောင်မလေးကို အဲဒီလို ပြောရပါ့မလားဆိုပြီး စိတ်ဆိုးမသွားနဲ့ဦး...

    ခင်တဲ့
    မအင်ကြင်း

  2. Anonymous

    ဟာ မမကလဲ..
    ဘာတွေပြောနေမှန်းမသိဘူး။ ဖွဟေ့... စွေတာ စောင်းတာတွေ ဝေးဝေးသွား... ^_^

    မောင်လေး
    လင်းတိုင်း

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft