ခါကျင်ကိုက်လို့

စိုင်းလင်းတိုင်း | Friday, March 12, 2010 10:20 AM

ယုံရမှာလား ရင်ထဲမှာ စမ်းတစ်ဝါးဝါးနှင့်ပေါ့။ ကျနော်ရင်ထဲမှာ အိပ်ချင်သလိုလို၊ တစ်ခုခုကိုပဲ ဆာနေသလိုလို၊ ထမင်းစားရမလား ဟင်းသက်သက်ပဲစားရမလား တကယ့်ကိုပဲ စမ်းတ၀ါးဝါးနဲ့။ အဲ့ဒီလို ရင်ထဲမှာ ဟာတာ အင်ဒင်ဒင် ရေငတ်နေလဲမဟုတ် တကယ်ရေဆာတယ်လို့ ပြောရင်လဲ ရေဗူးက အနားမှာ အဆင်သင့်၊ ရေဗူးကို ဆက်ခနဲ ဆွဲယူလိုက်တာ အဖုန်းဖွင့်ပြီး သောက်မယ်ကြံတော့လည်း ကိုယ့်ကိုကိုယ် ရေဆာတာမဟုတ်မှန်းသိနေတော့ အဖုံးပြန်ပိတ်ပြီး ရေဗူးကိုပြန်ချထားသည်။

ဆက်လက်ဖတ်ရှုရန်


ဟိုမနေ့က ချစ်တော်ကြောင်ဖြူမလေး အဖြစ်ပြောရလျှင် အားလည်းအားနာမိပါရဲ့၊ မပြောလျှင်လည်း ကျနော်အဖြစ်နဲ့ကိုက ဆင်တူလွန်းနေသည်။ ကြောင်မလေးခများ လူ့စကား မပြောတတ်၍သာ လူစကားသာဂြောများ ဂြောတတ်လျှင် ကျနော့်ကို ရစရာမရှိအောင် အပြစ်ဆိုမှာသေချာသည်။
ဒီလိုခင်ဗျာ… ကျနော်က ပိုက်ဆာဆာနဲ့ ငပိကျော်လေး ချက်စားခဲ့သည်။ ငရုပ်သီးလေး စပ်စပ်လေးနဲ့ပေါ့ဗျာ။ ပိုက်ဆာလွန်းလို့ လက်ကတုန်ရင်နေသည်။ ထမင်းပန်းကန်က တစ်ဖက်၊ ငပိကြော်ခွက်က တစ်ဖက်နဲ့မို့ ရုပ်တရက် ဘယ်ဖက်ကကိုင်ထားသည့် ငပိပန်းကန် ကြမ်းပြင်ပေါ်လွှတ်ကျသွားခဲ့သည် အကုန်လုံးနီးပါးဆိုပါတော့ဗျာ။ ဒီနေ့အဖို့ ကျနော့်အတွက် ဒီဟင်းကလွဲ၍ အခြားဟင်းလျာမရှိတော့ပါ။
ဒါကြောင့် ကြမ်းပြင်ပေါ်မှာ ပျံ့ကြဲနေသည့် ငပိကြော်ကို ပေကျံ၍ ကပ်နေသည့် ဆီမှလွဲလို့ အကုန်နီးပါး ပြန်လည်ကာ ပန်းကန်ထဲထည့်သည်။ သူများမြင်ရင်တော့ ရှက်စရာကြီးပေါ့ခင်ဗျား၊ ဒါပေမယ့် သူများဆိုတာ ထိုင်ကြည့်နေသည့် ကြောင်ဖြူမလေးကလွဲ၍ မရှိပါဘူးလေ။
ဒီလိုနှင့် ကျနော်ထမင်းစားနေချိန် ကြောင်မလေးက တငြောင်ငြောင်နဲ့ ဟုပြေးဒီပြေးနဲ့။ ကျနော်က ကြောင်မလေး ပိုက်ဆာသည်ဟုပင်ထင်ခဲ့သည်။ ကျနော်က ထမင်းစားရာမှ ခဏရပ်ပြီး သေချာကြည့်လိုက်သည်။ အော်လက်စသတ်တော့ ကြောင်မလေးက ကျနော်က မဆင်မခြင်နဲ့ လွတ်ကျခဲ့သည့် ငပိဆီတည့်တည့်နေရာကို သွားထိုင်မိလို့ပါခင်ဗျား။
အဲ့ဒီတော့ ကျနော် တစ်ခု အတွေးပေါက်သွားသည်၊ ကျနော်သည် အပြင်ကိုချက်ချင်းပြေးထွက်သွားသည်။ ဘယ်ကိုမှမဟုတ်ပါဘူး ထမင်းဆိုင်ကိုပါ။ ထမင်းဆိုင်မှ ငါးကြော်နှစ်ကောင်ကို မရမက အကြွေးနဲ့ယူလာပြီး ငရုပ်သီးစပ်လို့ ဆောက်တည်ရာမရ ဖြစ်နေသည့် ကျနော့် ကြောင်မလေးကို ကျွေးလိုက်သည်။
အဲ့ဒီအခါကျမှ ကျနော့် ကြောင်မလေးက ငါးကြော်ကို အငန်းမရ စားရင်း ငြိမ်သွားလေတော့သည်။ ဆိုလိုတာက ကျနော့်အဖြစ်က အဲ့ဒီလိုပဲလို့ ပြောပြချင်တာပါ။ ဘာပြုလို့ မသိတတ်သည့် သနားစရာ ကြောင်မလေးကို နမူနာ အဖြစ်ပြောပြရတာလဲဆိုရင် ကျနော့် အနားမှာ ဘာရယ်ဘာမှ မရှိ၊ ကျနော်တို့ဘက်မှာ သိသည့်အတိုင်း စီးပွါးဥစ္စာဆိုတာ တစ်နေ့စာအတွက် ရှာထွက်အောင် ရှာပေမယ့် တစ်ဝမ်းတည်းတောင်မှ မလုံလောက်ဘူးလေဗျာ၊ အဲ့ဒီတော့ ကျနော့်အနားမှာ ပြစရာနမူနာ သက်ရှိသတ္တ၀ါ …အဲ့လေ…လူဟူ၍ ဘယ်ရှိမှာလဲဗျာ။ ဆင်းရဲလျှင် လမ်းဘေးက သူတောင်းစားတောင် ကိုယ့်ကို လှည့်မကြည့်ဘူးဆိုပဲ။
မနေ့ညက ကျနော် သိပ်စွဲလမ်းမိသည့် ဟိုဘက်ရပ်ကွက်က ပျိုပျိုကြီး(အပျိုကြီး)ကို ဈေးဆိုင်မှာ ခဏတွေ့လိုက်လို့ မျက်လုံးလှမ်းချိတ်လိုက်တာ သူက နှုတ်ခမ်းကြီးရွဲ့ပြသည်။ အောင်မာ.. ဒီကောင်ကတော့ ဟ… ဆိုပြီး ရင်ခုန်သွားသည်။ ဟုတ်ပြီ နောက်တစ်ခါဆိုရင် ရည်းစားစကားလေးတော့ ပြောခွင့်ရလောက်သည် ဆိုပြီး ရင်ထဲမှာ ကျိတ်ပြီး ပီတိဖြစ်နေလေပါရဲ့။ အောင်မလေး… အိမ်ပြန်တာကိုတောင် ကောင်းကောင်းလမ်းလျှောက်မပြန်ဘူး နှစ်နှစ်ကျောင်းသား ကလေးငယ်တစ်ယောက်ကဲ့သို့ ခုန်ဆွခုန်ဆွနဲ့ဗျ။ ရုတ်တရက် အိမ်ဘေးချင်းကပ်နေသည့် မုဆိုးမလေးတစ်ယောက်နဲ့ တိုးမိတာ အဲ့ဒီအခါကျမှဗျာ ကျနော်အဖြစ်က ဟို…ကောင်မလေးတစ်ယောက်၏ တင်လုံးလုံးလေးကို သွားကိုင်မိပြီး လူလယ်ကောင်မှာ ပါးအရိုက်ခံရပြီး မျက်နှာနီရဲရဲကြီးနှင့် ချွေးဇောပျံသွားသည့် စပယ်ယာကားတစ်ယောက်ပမာ ဟီး…ဆိုပြီး ဟိုကုတ်ဒီကုတ်နှင့် လုပ်လိုက်တာလေ။ ဟို.. မုဆိုးမလေးက ကျော်မသွားဘူးဗျာ အရေးထဲ ကျနော့် ရပ်ကြည့်နေနေသည်။ ကျနော်ကတော့ မာန်ကိုယ့်ကို ဟန်သူ့ကိုလား ဟန်ကိုယ့်ကို မာန်သူ့ကို ဆိုလားဘာလား (ဗမာစကားမကျွမ်းကျင်တော့ စကားနှစ်ခွရေးထားသည် :) ) မယားဘဲနဲ့ ကုတ်နေသည်။ သူက ကျနော့်ကို အစောကြီးက ကြိုက်နေလေတော့ စိုးရိမ်စွာနဲ့မေးလိုက်သည် ဘာဖြစ်နေလဲလို့ပေါ့။
ကျနော့်ကလည်း ပျိုပျိုကြီးတစ်ယောက်တည်းကိုမှ စွဲလမ်းချစ်မိနေတာ ဒီမုဆိုးမလေးကိုတော့ မောင်နှမသဘောမျိုးနဲ့ပဲခင်တာ။ အဲ့ဒီတော့ ကျနော်က ဟေ့ဟေ့ နင်သွားမှာသာ သွားစမ်းပါ ဒီမှာ ခါကျင်ဝင်ကိုက်လို့… အားပါးပါး.. နားလိုက်တာ ငါ.. ငါ.. ဘောင်းဘီချွတ်လိုက်တော့မယ် မနေနိုင်တော့ဘူးဟု ပြောလိုက်ကာမှ မုဆိုးမလေးခများ မျက်နှာနီရဲသွားပြီး ဟင်း… အတော်ဆိုးတဲ့ မောင်ကြီးဆိုပြီး နောက်လှည့်မကြည့်ပဲ ပြေးသွားပါတော့သည်။။

ဒီတစ်နေ့ ဤမျှနှင့်သာ ကျေနပ်ပါ။

စိုင်းလင်းတိုင်း

1 Comment to "ခါကျင်ကိုက်လို့"

  1. ဟယ်...အဲဒီလို ပေါက်ကရတွေလဲ ရေးတတ်တာပဲလား (စတာနော်....) :D
    ငါးပိကျော်ကျန်သေးရင် ကျွေးပါဦးဝေ့...


    ခင်တဲ့
    မအင်ကြင်း

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft